ရန်ကုန် ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်(GTI) Quarantine Center (၁)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ ယနေ့ နံနက်(၁၀)နာရီအချိန်က (၈၀)ဦး နေအိမ် ပြန်ခွင့် ရရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပရဟိတအသင်းစုံမှ Volunteers (၇၀) ဦးနှင့် Ambulances(၁၃)စီးဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိရာ အင်းစိန်မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများ၏ Contact Person များ၊အနံ့ပျောက်သူ များကို Quarantine Center များ ဖွင့်လှစ်ထားရှိ စောင့်ရှောက်ပေးလျက်ရှိရာ အင်းစိန်(GTI)ကျောင်း ဝင်းအတွင်း Contact Person များ ထားရှိရန် Quarantine Center(၃)ခု၊အင်းစိန် အ.ထ.က(၁) ကျောင်းတွင် အနံ့ပျောက်သူများ အတွက် Quarantine Center(၁)ခု၊ မြို့နယ်အတွင်းမှ Contact Personများ ထားရှိရန် အင်းစိန် အ.ထ.က(၃)နှင့်အ.ထ.က(၆) ကျောင်းတို့ကို Quarantine Center များအဖြစ် အသုံးပြုလျက် ရှိကြောင်းသိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ Quarantine Center (၆)ခုတွင် ဝင်ရောက်နေသော ပြည်သူ များအနက် အင်းစိန်(GTI) Quarantine Center(၁)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက် ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ (၈၀)ဦးကို ကျန်းမာရေးဌာနမှ ရောဂါပိုး ကင်းရှင်းကြောင်း ထောက်ခံ စာများကို ပေးအပ်ခဲ့ပြီး အိမ်ပြန်ခွင့်ပေးခဲ့ရာ အိမ်ပြန်ရန် အခက်အခဲ့ရှိသူ များအား အင်းစိန်မြို့နယ်၊ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများက နေအိမ်များသို့ အိမ်တိုင် ရာရောက် ကား(၂)စီးဖြင့် အသီးသီးပို့ဆောင်ပေးခဲ့ပြီး အဆိုပါ(၈၀)ဦးသည် မိမိနေအိမ်တွင် Home Quarantine (၇)ရက် နေထိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)