ရှမ်းရွာသစ်မြို့အမှတ်(၂)ရပ်ကွက်ရှိ ဇီဇဝါလမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်း(၆၀)ရာခိုင်နှုန်းပြီးစီး

ရှမ်းရွာသစ်   ဒီဇင်ဘာ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်း ရပ်ကွက်များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိ သည်။

ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်ရှိ၊ ဇီဇဝါလမ်း အုတ်စီရေမြောင်းခင်း ခြင်း လုပ်ငန်းကို နိုဝင်ဘာလ ဒုတိယပတ်မှစ၍ ဆောင်ရွက်လျက်ရှိပြီး ယခုအခါ (၆၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ် ကြောင်း သိရှိရသည်။

အဆိုပါအုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စံချိန် စံညွှန်း ပြည့်မီရေးအတွက် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ  အရှည် (၆၄၀)ပေ၊ အကျယ်(၂)ပေနှင့် ထုထည်အမြင့်(၂)ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၂.၄၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဇင်လေး (ပြန်/ဆက်)