အင်းစိန်မြို့နယ်၌ ဘိုကုန်ဈေး တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းအား စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေးအတွက် တာဝန်ရှိသူများစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေ ချောမွေ့စေ ရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေး တည်ဆောက်ပြုပြင် ခြင်းလုပ်ငန်းအား စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေးကို ယမန်နေ့ နံနက်(၁၁) နာရီ အချိန်က တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူ များသည် ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းမှ ဘိုကုန်းဈေးတည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းအား EE ဦးစိုး လွင်မှ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများကို စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်တွင် အန္တရာယ်ကင်းစွာ ဆောင်ရွက်ရေးနှင့် လုပ်ငန်း ပြီးစီးမှု အခြေအနေများ စသည်တို့ကို ကြည့်ရှုစစ်ဆေး ဆွေးနွေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ် သည်များကို လမ်းညွှန်အကြံပြု မှာကြားခဲ့သည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)