မုဒုံ ဒီဇင်ဘာ ၁
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ မွန်ပြည်နယ်အတွင်း အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သားများအား ယနေ့နံနက်(၉)နာရီက မြို့မ(၂)ရပ်ကွက် အုတ်ဖို ကွင်း၌ RDT Test Kit ဖြင့် နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာရယူ၍ ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်အိအိချိုနှင့် ကျန်းမာရေးဝန်ထမ်း(၁၂)ဦးတို့က မြို့မ(၂)ရပ်ကွက်ရှိ အုတ်လုပ်ငန်း လုပ်ကိုင် သည့် ရွှေ့ပြောင်းလုပ်သား(၉၀)ဦးနှင့် ကမာဝက်မြို့ရှိ လယ်လုပ်ငန်း လုပ်ကိုင်ကြသည့် စပါးရိတ် သမား ရွှေ့ပြောင်းလုပ်သား(၃၁)ဦး စုစုပေါင်း(၁၂၁)ဦးတို့အား နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲ နမူနာရယူပြီး RDT Test Kit ဖြင့်စစ်ဆေးခဲ့သည်။
အဆိုပါ ရွှေ့ပြောင်းလုပ်သားများမှာ မိမိတို့၏ သတ်မှတ်ထားသည့် နေအိမ်များ၌ သွားလာ ကန့်သတ်စောင့်ကြည့် နေထိုင်သူများဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။
အောင်မျိုးသူ(ပြန်/ဆက်)