စေတုတ္တရာ ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူ နေသော ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ အမျိုးသား(၁)ဦးသည် သတ်မှတ်ရက်(၁၁)ရက် စောင့်ကြည့် ကုသပြီးဖြစ်၍ ယမန်နေ့နေ့လယ်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာအမျိူးသား(၁)ဦးမှာ နိုဝင်ဘာ (၁၉)ရက်နေ့မှစတင်၍ မြို့နယ်ပြည်သူ့ ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြုလူနာသီးသန့်ဆောင်တွင် ဆေးဝါးကုသမှုခံယူခဲ့ပြီး ကျန်းမာရေး ကောင်းမွန် လာကာ သတ်မှတ်ထားသည့် ကာလပြည့်ပြီဖြစ်သောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုကာ နေအိမ် တွင် Home Quarantine (၇)ရက်ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်းနှင့် ဆေးရုံဆင်းလူနာအား အုပ်ချုပ် ရေး အဖွဲ့အစည်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် နေအိမ်သို့ ပြန်လည် လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ (၂)ဦးရှိပြီဖြစ်ပြီး ဆေးရုံ ဆင်းခွင့်ရသူ(၁)ဦးနှင့် စောင့်ကြည့်ကုသဆဲ ပိုးတွေ့လူနာ(၁)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာနမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)