စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧရာမင်းမိုးစပါးပင်များလဲကျသဖြင့် ရိတ်သိမ်းခများ ပုံမှန်စျေးထက် ထက်ဝက်ခန့်မြင့်တက်ပြီး ရိတ်သိမ်းခြွေလှေ့စက်များ ငှာရမ်းရန် အခက်အခဲဖြစ်နေ

ကောလင်း ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊ဝန်းသို၊ပင်လည်ဘူးမြို့နယ်တို့တွင် မိုးစပါးများကို စတင် ရိတ်သိမ်းနေပြီဖြစ်သော်လည်း အောက်တိုဘာ ၂၂ရက်နေ့မှ၂၆ရက်နေ့အထိ မိုးဆက်တိုက်ရွာ သွန်းမှုကြောင့် ဧရာမင်း ဒေသအခေါ်(ကျောက်ဆည်) စပါးပင်များလဲကျကာ မြေပြင်သို့ ကပ်နေ သဖြင့် စပါးပင်များရိတ်သိမ်းကြရန်အတွက် ရိတ်သိမ်းခြွေလှေ့စက်များငှားရမ်းရာတွင် ရိတ်သိမ်းခ ပုံမှန်ဈေးထက် ထက်ဝက်ခန့်မြင့်တက်ပြီး ရိတ်သိမ်းခြွေလှေ့စက်များ ငှာရမ်းရန် အခက်အခဲဖြစ် နေလျက်ရှိကြောင်းသိရသည်။

"ကျွန်တော် လယ် ၉ ဧကအားလုံး ဧရာမင်း(ကျောက်ဆည်) စပါးစိုက်ပျိုးထား တာပါ။ ကျောက်ဆည်စပါးစိုက်ပျိုးလာတာ ၅နှစ်ရှိပြီ၊ယခင်နှစ်က ကျောက်ဆည်စပါးက ပေါ်ပေါ်ခြင်းကို ၈သိန်းစျေးရှိပြီး တစ်နှစ်လုံးထားနိုင်လျှင် ၁၃သိန်း၊၁၄သိန်းစျေးအထိရောင်းရသဖြင့် ဒီနှစ် ကျွန်တော်တို့တိုက်နယ် တစ်ကွင်းလုံး ကျောက်ဆည်စပါးတွေချည်း စိုက်ပျိုးကြပါတယ်။ဒီနှစ်မှ ဝါကထပ်၊ မိုးကကောင်းသဖြင့် ကျွန်တော်တို့တိုက်နယ်တစ်ကွင်းလုံး ဧရာမင်း ဒေသအခေါ်( ကျောက်ဆည် ) စပါးပင်များယိုင်လဲခဲ့ပါတယ်။ထိုသို့ယိုင်လဲခဲ့သဖြင့် အောက်ပိုင်းက စက်များ လည်း မရိတ်ချင်ကြဘဲ ပြန်လည် ဆုတ်သွားကြပါတယ်။ ကျွန်တော်တို့ကတော့ တစ်ဧက ၆သောင်း၊ ၇သောင်းလည်းရိတ်ရမှာပါ။အခုက စပါးရိတ်စက်ကို ငှားလို့မရသေးတာ၊ ရိတ်စက်တစ်စက် လိုက်ပြန်ရင်လည်း ၅ရက်လောက်စောင့်အုန်း ၊တစ်စက်လိုက်ပြန်ရင်လည်း နောက် ၄ရက်လောက်ဆို ရောက်ခဲ့မှာ ဒီလိုနှင့် ကျွန်တော်လယ်က စပါးပင်များကျွမ်းနေပြီး ဘယ်အချိန်မှရိတ်ရရိတ်ရ စောင့်ရတော့မှာပါ့။ကျွန်တော်တို့ဒေသကရိတ်ခြွေစက်များ အလုံ အလောက် မရှိသဖြင့် ဈေးပို့ပေး ရသော်လည်း ငှားရမ်းရာတွင် အခက်အခဲများဖြစ်နေပြီး စပါးမှာ အလေအလွင့်ပျက်စီးမှုနှင့် ကြုံတွေ့ရကြောင်း အုပ်ဖိုကျေးရွာတောင်သူ ဦးတင်အောင် ကပြောသည်။

ကျွန်တော်တို့ကတော့ ရိတ်သိမ်းခြွေလှေ့ခကို စပါးအထောင်ဆို တစ်ဧက၄သောင်း၊ အလဲဆို ၆သောင်းဖြင့် အငှားလိုက်ပါတယ်။ လယ်သမားတိုင်းကို ရိတ်ပေးချင်ပါတယ်။ဒီနှစ်က စပါးက အလဲတွေချည်းဆိုတော့ တစ်ရက်လုံးရိတ်မှ ၆ဧကလောက်ဘဲပြီးတာဆိုတော့ လယ်သမား များကိုလည်း ရက်ချိန်းပေးလိုက်ရင် လယ်ဧကများများမပြီးသဖြင့် လယ်သမားများကိုလည်း ရက်ချိန်း မပေးရဲဘူးဟု" စပါးရိတ်ခြွေအငှားလိုက်သူ ဦးဝင်းကျော်က ပြောပြသည်။

စပါးပင်တွေလဲတာက တော်တော်ဆိုးပါတယ်။အခုက မြန်မြန်ရိတ်သိမ်းချင်လို့ စပါးရိတ်သိမ်း ခြွေလှေ့စက်ငှားရတာ ပြီးခဲ့တဲ့နှစ်တွေကလို အခြားဒေသကလူတွေက ကိုဗစ်ကြောင့် အသွား အလာတွေ ကန့်သတ်ထားတဲ့အတွက် အလာနည်းသွားတော့ ဒေသက စက်တွေငှားရတာ  ငှားချင် တိုင်းငှားမရဘူး  လယ်သမားတိုင်းက မြန်မြန်ရိတ်သိမ်းချင်တော့ အလုအယက်ငှား ရမ်းရသလိုဖြစ် နေတာ။ အခုဆိုရင် ငှားရမ်းသူတဲ့သူတွေများလို့ အရင်က တစ်ဧကမှ ၄၀၀၀၀အခုက ၆၀၀၀၀ ဖြစ်နေပြီ တချို့ကလဲ၇၀၀၀၀ပေးပြီးရိတ်ကုန်ကြတော့တာ။

တချို့ဆိုရင် ငှားမရတဲ့အဆုံး လူတွေနဲ့ပဲ တစ်ဧက ၅၀၀၀၀ နှုန်းနဲ့ရိတ်ကုန်ကြရေတာ့တာ "  ဟု ဝန်းသိုမြို့နယ်၊အောင်းကုန်းကျေးရွာက တောင်သူ ဦးထွန်းအောင်ကပြောသည်။

ယခုအခါ ဧရာမင်း စပါးစိုက်ပျိုးကြသူများသည် စပါးပင်များလဲသည့်အတွက် စပါး ရိတ်သိမ်း ခြွေလှေ့စက် ငှားရမ်းမည်ဆိုပါက တစ်ဧက ၅သောင်းခွဲ၊၆သောင်း ရှိသော်လည်း စပါးရိတ် သိမ်းခြွေလှေ့စက် ငှားရမ်းရန်ရက်ချိန်းမရသူများက  လုပ်သားငှားရမ်း ရိတ်သိမ်း နေကြရသဖြင့် လူရိတ်ခတစ်ဧကကို ၅၀၀၀၀၊ကောက်လှိုင်းစည်းခက တစ်ဧက ၅၀၀၀၊စပါးချွေလှေ့စက်ငှားခက စပါးတင်း၁၀၀လျင် ၂ တင်းနှုန်း၊လုပ်သားဌားရမ်းခက ၁၅၀၀၀၊ပေးရသည့်အတွက် စပါးကလည်း လတ်တလောတွင် ဝယ်ယူမည့်သူမရှိသေး၍အခက်တွေ့နေကြောင်းသိရသည်။

မြင့်ထွန်းမင်း(ကောလင်း)