ခါမ်းပါတ် ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ခါမ်းပါတ်မြို့အတွင်းရှိ ဒေသခံလုပ်သားအင်အားစုများအ နေဖြင့်ကောက်ရိတ်ရာသီတွင် နေ့စဉ် မှန်ဝင်ငွေ ရရှိလျက်ရှိကြ ကြောင်းသိရသည်။
ထိုသို့ ကောက်ရိတ်အငှားလိုက်ရာတွင် ကျွမ်းကျင်လုပ်သားများအနေ ဖြင့်တစ်နေ့လုပ်အားခ (၈၀၀၀)ကျပ်အထိရရှိပြီး အလုပ်သင်များအနေဖြင့်ငွေကျပ် (၆၀၀၀)မှ(၇၀၀၀)ကြား ရရှိကြ ကြောင်းလည်း သိရသည်။
ခေတ်မှီစက်ယန္တယားကြီးများကို ငှားရမ်းအသုံးပြုလာကြပြီဖြစ် သော်လည်း တစ်ချို့ တောင်သူ များအနေဖြင့် လုပ်သားအင်အားကိုသာ အဓိကထား၍ငှားရမ်းလုပ်ကိုင် နေကြဆဲ ဖြစ်သည်။
ထိုသို့ လုပ်သားအင်အားအသုံးပြုရန်အတွက် လယ်ပိုင်ရှင်ကိုယ်တိုင် လုပ်သားလိုက်ရှာစရာ မလိုတော့ဘဲ ကောက်ရိတ်အဖွဲ့ခေါင်းဆောင်များထံသို့ မိမိလိုချင်သည့် လူဦးရေနှင့် ကောက်ရိတ် သိမ်းချင်သည့် နေ့ရက်တို့ကိုသာပြောကြားထားရန်လိုကြောင်းလည်းသိရသည်။
သားငယ်(ပြန်/ဆက်)