ဒဂုံတောင် ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာအမှတ်(၁၀၇)ရပ်ကွက် ငုဝါမြိုင် လမ်းနှင့် မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် box culvert များတည်ဆောက်နေမှုအခြေအနေများကို ယနေ့နံနက်(၉)နာရီအချိန်ကစတင်၍ ကွင်းဆင်းကြည့့့် ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါကြည့်ရှုစစ်ဆေးရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် တို့က ဦးဆောင်၍၊မြို့နယ်စည်ပင်သာယာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရူစစ်ဆေး ကာလမ်း များ ခင်းကျင်းရာတွင် လမ်းများ၏ အရည်အသွေးကိုအဓိက ထားဆောင်ရွက်ကျစေရန်၊ တည်ဆောက်ရာ တွင်လည်း စနစ်တကျရှိစေရေးသတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် အညီတည်ဆောက်ကြရန် ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် မြေပြင်အခြေအနေအား လှည့်လည်ကြည့်ရှုကာတာဝန်ရှိသူများအား လိုအပ်သည်များ ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
အိကေသရီ(ပြန်/ဆက်)