သာကေတ ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် လစဉ်ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက်အမှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ရောဂါကာကွယ်ဆေးစသည်တို့ကို ထိုးနှံပေးခြင်း ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကလေးငယ်များအားကိုယ် အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပူးပေါင်း၍ သာကေတမြို့နယ်၊ အတွင်းရှိ ဒေသန္တရကျန်းမာရေးဆေးပေးခန်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်စေရန်အတွက် ကလေးငယ်များအား အလှည့်ကျဆေးထိုး၊ ဆေးတိုက်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဘုန်း(ပြန်/ဆက်)