စစ်ကိုင်းခရိုင် မြင်းမူမြို့နယ်တွင် တွဲကားတစ်စီး မီးလောင်မှုဖြစ်ပွား

 မြင်းမူ ဒီဇင်ဘာ ၁

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအနီး ယနေ့ နံနက်(၅)နာရီ (၄၀) မိနစ်အချိန်ခန့်က ရပ်နားထား သည့် တွဲကားတစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်ရဲစခန်းမှသိရသည်။

 

ဖြစ်စဉ်မှာ ထီးဆောင်းကျေးရွာ၊  မိုင်တိုင်အမှတ်  ၄၅/၁နှင့်၂အကြား  ရွှေရတုတိပိဋကစက္ခုပါလ  မျက်စိ ဆေးရုံရှေ့ တွင် ရပ်နားထားသည့်  ဘိလပ်မြေများတင်ဆောင်ထားသည့် CIMC  HUAJUN (တွဲကား)အဝါရောင် ၏ ခေါင်းခန်း အတွင်း ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲကာ ယာဉ်၏ရှေ့ခန်းမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊  မီးလောင်မှု ဖြစ်ပွားရာသို့     မြို့နယ်မီးသတ်ဦးစီးမှုး ဦးချမ်းငြိမ်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် (၇နာရီ ၃၀ မိနစ်)အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ မော်တော်ယာဉ်မီးလောင်ကျွမ်းမှုကြောင့် ယာဉ်မောင်းအား မြင်းမူမြို့နယ် ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း မြို့နယ်ရဲစခန်းမှ သိရသည်။

အောင်စိုးဖေ(မြင်းမူ)ကြီးအစိုးအစိုးရအဖွဲ့က၊စီး