ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့ သူ(၄၇)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်များမှ သွားရောက်ခေါ်ယူ၍ သက်ဆိုင်ရာ Quarantine Center သို့ ပို့ဆောင်

ဒဂုံမြောက် ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ် ခဲ့သူ(၄၇)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်များမှ သွားရောက်ခေါ်ယူ၍ သက်ဆိုင်ရာ Quarantine Center သို့ ယမန်နေ့ ညနေပိုင်းက အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းတွင် Quarantine Center (၃)ခုဖြစ်သော မဟာ ဂန္ဓာရုံ ကျောင်းတိုက်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊  ဗဟိုလေ့ကျင့်ရေး ကျောင်း၊ ဘူတာရုံဓမ္မရိပ်သာ ကျောင်းတိုက်များသို့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများဖြစ်သော (၂၉)ရပ်ကွက်မှ (၄)ဦး၊ (၃၃)ရပ်ကွက်မှ (၅)ဦး၊ (၃၅)ရပ်ကွက်မှ (၇)ဦး၊ (၃၉)ရပ်ကွက်မှ (၁)ဦး၊ (၄၀)ရပ်ကွက်မှ (၃)ဦး၊ (၄၁)ရပ်ကွက်မှ (၃)ဦး၊ (၄၁)တိုးချဲ့ရပ်ကွက်မှ (၄)ဦး၊ (၄၃)ရပ်ကွက်မှ (၄)ဦး၊ (၄၄)ရပ်ကွက်မှ (၂)ဦး၊ (၄၅)ရပ်ကွက်မှ (၁)ဦး၊ (၄၆)ရပ်ကွက်မှ (၆)ဦး၊ (၄၈)ရပ်ကွက်မှ (၁)ဦး၊ (၄၉)ရပ်ကွက်မှ (၅)ဦး၊ (၅၁)ရပ်ကွက်မှ (၁)ဦး၊ စုစုပေါင်း (၄၇)ဦးကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီအသင်းခွဲ၊ ပရဟိ တ အဖွဲ့များနှင့် နာရေးကူညီမှုအသင်းများမှ သက်ဆိုင်ရာ Quarantine Center သို့ အသီးသီး ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)