ရှမ်းရွာသစ်မြို့ စက်သုံးဆီရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေး

ရှမ်းရွာသစ် ဒီဇင်ဘာ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ဒေသနေပြည်သူများ မီးသတိရှိစေရန်နှင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရန်ရည်ရွယ်ပြီး စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေး ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦး စီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ စက်သုံးဆီဆိုင်များအား  မီးသုံးစွဲမှု အခြေအနေစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကာကွယ်ရန် အတွက် မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများ၊ မီးလောင်မှုကြီးများ မပေါ်ပေါက်စေရေးအတွက် မီးသတိမူရေးနှင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ လိုက်လံဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)