တောင်တွင်းကြီး ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community center ခန်းမ၌ ကိုသိန်းထိုက်၊ မမိုးမိုး(ရှမ်းကုန်ရောင်းဝယ်ရေး)မိသားစုမှ ကိုဗစ်- ၁၉ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask) အခုရေ(၂၅၀၀) ၊ Face shield(၉၀)ခုတို့ကို အလှူရှင်ကိုသိန်းထိုက်မှ ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါပစ္စည်းများအားပရဟိတအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူများလက်ဝယ်အရောက် ထပ်ဆင့်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဝင်းခိုင် (ပြန်/ဆက်)