မိုးညို ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊မိုးညိုမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ပိုးတွေ့ အတည်ပြု လူနာသစ် (၄)ဦးထပ်မံတွေ့ရှိကြောင်းသိရသည်။
မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ နို၀င်ဘာ ၂၉ ရက်နေ့တွင် စောင့်ကြည့်လူနာ(၁)ဦး၊ ပြည်ပမှ ပြန်လာသူ(၂)ဦးနှင့် Stay at Home မြို့နယ်များမှပြန်လာသူ (၆၃)ဦး၊စုစုပေါင်း (၆၆)ဦး ၏ ဓာတ်ခွဲနမူနာ များအား ဆေးသုတေသနဦးစီးဌာန(DMR) သို့ ပေးပို့စစ်ဆေးခဲ့ရာ ၎င်းတို့၏ဓာတ်ခွဲနမူနာများအနက်မှ (၄)ဦးတွင် ပိုးတွေ့ရှိကြောင်းသိရသည်။
မိုးညိုမြို့နယ်တွင် ပိုးတွေ့လူနာစုစုပေါင်း (၉၃)ဦးရှိပြီဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၊မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ် ရေးအဖွဲ့အနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် Mask Campaign များမကြာခဏပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မြို့နယ်အတွင်း သို့အသံချဲ့ စက်ဖြင့် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး သိကောင်းစရာများနှင့် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင် ရန်များအား လိုက်လံကြေညာပေးခြင်း စသည့်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကိုမင်း(မိုးညို)