သာကေတမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးမည်

သာကေတ ဒီဇင်ဘာ ၁

(Human Papillomavirus) ပိုးကြောင့် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပေါ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များအား ဒီဇင်ဘာလ(၂)ရက်နေ့တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးကို သာကေတမြို့နယ် မြင်တော်သာလမ်းမကြီးရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရန်ပြေ လမ်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဌာနခွဲ(၁)၊ ရှုခင်းသာလမ်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဌာနခွဲ(၂) စသည့်ကျန်းမာရေးဌာနခွဲ(၃)ခုတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပြည်သူ များအား သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမည်ကို သိရှိနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၉)ရပ်ကွက်တွင် တာဝန်ရှိသူ များမှ ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုဘုန်း (ပြန်/ဆက်)