စစ်ကိုင်းတိုင်းဒေသကြီးကလေးခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ခွဲစိတ်ခန်းသုံး PAPR နှင့် ECGစက် လာရောက်လှူဒါန်း

ကလေး ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ သို့ ခွဲစိတ်ခန်းသုံး PAPR နှင့် ECG  3 channel စက်ကို ယနေ့ မွန်းလွှဲ ၂နာရီအချိန်က လာရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာတွင် သုခရွှေပြည်ဆေးဆိုင်မှ ခွဲစိတ်ခန်းသုံး PAPR (၁)လုံးကိုလည်းကောင်း၊ Royal Cityဆေးဆိုင်နှင့် ကိုဝင်းမင်းထိုက်တို့မှ PAPR (၁)လုံးကိုလည်းကောင်း၊ OSO စက်သုံးဆီဆိုင်မိသားစုမှ ECG 3 Channelစက် (၁)လုံးကိုလည်းကောင်းလာရောက်လှူဒါန်းကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး(ခ) အေးအေးမူ၊ ကလေးခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဌ ဦးခင်မောင်ချိုနှင့် ကော်မတီမှတာဝန်ရှိသူများကလက်ခံရယူခဲ့ကြသည်။

အဆိုပါ ခွဲစိတ်ခန်းသုံး PAPR တို့ကို ကလေးမြို့ပြည်သူ့ဆေးရုံကြီးမှ အရိုးအကြောအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းထွဋ်ထံသို့လည်းကောင်း၊ ECG 3 channelစက်ကို သမားတော်ကြီးဒေါက်တာမျိုးသင်းထံသို့ လည်းကောင်း ဆက်လက် လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်းသိရသည်။

ထန်းဖုန်(ပြန်/ဆက်)