ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးသည့်တောင်သူများ တစ်ဧကအထွက်နှုန်းကောင်းသည့်  မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုး

ပေါက်ခေါင်း    ဒီဇင်ဘာ   

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူအများစုမှာ နိုဝင်ဘာလမှစတင်၍ မိုးစပါးများ စတင်ရိတ် သိမ်းနေပြီဖြစ်ရာ  ယခုအခါမိုးစပါးစိုက်ပျိုးခဲ့သည့် လယ်မြေများတွင် ဆောင်းသီးနှံအဖြစ် မတ်ပဲ များစတင်ကြဲပက် စိုက်ပျိုးနေပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့တဲ့နှစ်တွေကတော့ မိုးစပါးပြီးရင် နွေစပါး စိုက်တယ်-ခုနှစ်တော့နွေစပါး မပါတော့ ဆောင်းသီးနှံ မတ်ပဲစိုက်တယ်- မတ်ပဲက လယ်မြေအစိုဓာတ်ရှိတုန်း အချိန်မီစိုက်ရတယ် မတ်ပဲထက် စာရင်စပါးစိုက်ရတာ ပိုပြီးအားရတယ် နွေစပါး ပဲစိုက်ချင်တယ်-ခုနှစ် မတ်ပဲမျိုးတစ်တင်းကို( ၄၂၀၀၀ ) ကျပ်ပေးဝယ်ရတယ် ထွန်စက်ငှားရမ်းခက တစ်ဧက ၂၀၀၀၀ ကျပ် ကုန်ကျတယ်၊အထွက်နှုန်းကောင်း တဲ့မျိုးကိုစိုက်ထားတော့ တစ်ဧကကိုတင်း  ၂၀ လောက်ထွက်ရှိမယ်လို့ခန့်မှန်းထား တယ်  “ ဟု ယခုနှစ် မတ်ပဲ ၆ ဧကစိုက်ပျိုးထားသည့် တောင်သူ ဦးဝင်းမောင်လေး ကပြောကြားသည်။

ဆောင်းသီးနှံ မတ်ပဲမျိုးခွဲများဖြစ်သော ပဲကန်စွန်း၊ပဲရွက်ချွန်းနှင့်ပဲမြွေဟောက် စသည့်မျိုးခွဲများစွာရှိသည့်အနက် တောင်သူများမှာမိမိဒေသ၊ရေ၊မြေ တို့နှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မတ်ပဲမျိုးများကို ရွေးခြယ် စိုက်ပျိုးကြကြောင်း နှင့်ယမန်နှစ်နှစ်က မတ်ပဲတစ်တင်းလျှင်(၃၃၀၀၀)ကျပ်နှုန်းရရှိတယ်ဟု အဆိုပါ တောင်သူထံ မှသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)