ဗန်းမောက် ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်၊ တားဆီးရေးအတွက် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော(A) အဆင့်သတ် မှတ်ခြင်း ခံရသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ပြန်လည်ဖွင့်လှစ်ရောင်းချခွင့် ပြုနိုင်ရေး အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်အရာရှိ၊ မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့များနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက စားသောက်ဆိုင် ပိုင်ရှင်များနှင့် လက်ဖက်ရည် ဆိုင်ပိုင်ရှင်များအား ပြန်လည်ဖွင့်လှစ်ရောင်းချရာတွင် လိုက်နာ ဆောင်ရွက်ရ မည့်အချက်များ၊ ဆိုင်များသို့လာရောက်ပြီးဝယ်ယူစာသုံးကြမည့် စားသုံးသူများ အား လက်ဆေးရန်အတွက် လက်ဆေးဘေစင်များတွင် လက်ဆေရန်၊ တစ်ဦးနှင့် တစ်ဦး ကြားတွင် မှန်ပြား၊ ပလပ်စတစ်နှင့် ကတ်ထူးပြား များကာရံထာရှိကြရန်နှင် စားပွဲဝိုင်းများ အားခြောက်ပေခြားထားရှိခြင်းနှင့် လျှော့ချခြင်း၊ ဆိုင်ဝန်ထမ်းများအား အထူးလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ကျန်းမာရေး အသိပညာ ပေး ပိုစတာများဗီနိုင်များအား လူအများမြင်သာသည့်နေရာများတွင် ချိတ်ဆွဲထားရှိရန်နှင့် စသည့် လိုက်နာရမည့်အချက်များကို ဆွေးနွေးပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ရောင်းချမှုပြုနိုင်ခြင်း ရှိ/မရှိမေးမြန်ကာ မြို့နယ်မှတာဝန်ရှိသူ များက အသိပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်အတွင်း စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဘေးစျေးဆိုင်များအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် သြဂုတ်လ ဆန်းပိုင်းမှ စတင်၍ ဆိုင်ထိုင်စားသောက်ရောင်းချခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်းခွင့်ပြုလျက် ရှိရာ ယခုဒီဇင်ဘာလအတွင်း၌ (A) အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက် (A)အဆင့်နှင့်ကိုက်ညီမှုရှိပါက ပြန်လည်ပြီး ဆိုင်ထိုင်ရောင်းချခွင့်အား ခွင့်ပြုသွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ရောဂါထိန်းချုပ် ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ အမှုဆောင် အရာရှိ ဦးနေလင်းသိန်း၏ ပြောကြားချက်အရ သိရသည်။
ကျော်စွာ(ဗန်းမောက်)