ပန်းတောင်း ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြာအင်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်း ကျောင်းထောက်ပံ့ငွေဖြင့်အခြေခံဆိုင်ကယ်ပြင် သင်တန်းဖွင့်လှစ်ပွဲကို ကြားအင်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ယနေ့နံက်ပိုင်းက ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် အခမ်းအနားတွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်၊ တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်တို့က အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်းသန်းဇော်က သင်တန်း ဖွင့်လှစ် ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကာလမှာ ဒီဇင်ဘာ(၁)ရက်နေ့မှ (၂၀)ရက်နေ့ထိရက်ပေါင်း(၂၀)ရက်စာ တွေ့လက် တွေ့ သင်တန်းပို့ချပေးသွားမှာဖြစ်ပြီးသင်တန်းသားဦးရေ (၂၀)ဦးတက်ရောက်မည်ဖြစ် ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)