ရွှေတောင် ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော စပါးခင်းများ ရုတ်သိမ်းလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ် မိုးစပါးအနေဖြင့် စိုက်ပျိုးထားသော စပါးမျိုးများမှာ မှော်ဘီ-၂၊ ရတနာတိုး၊ အင်းမရဲဘော်၊ ရက်၉၀စပါးမျိုးများဖြစ်ပြီး အများဆုံးစိုက်ပျိုးသော စပါးမှာ မှော်ဘီ(၂) စပါးမျိုးဖြစ်ပြီး တစ်ဧကကို စပါးတင်း (၈၀)ကျော်ထွက်ရှိပြီး လက်ရှိစပါး ပေါက်စျေးမှာ(၇)သိန်းခန့်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ယခုနှစ်မိုးစပါးဧက (၅၈၀၀၀) ခန့် စိုက်ပျိုးထားသည်ဟုလည်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)