အုတ်တွင်းမြို့နယ်တွင် အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

အုတ်တွင်း ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် နိုင်ငံ့ဂုဏ်ဆောင် အရည်အသွေး ပြည့်ဝသော အားကစားသစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက် အားကစားအထောက်အကူပြု ပစ္စည်းများ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေး ညွှန်ကြားချက်များနှင့်အညီ ယနေ့ နေ့လယ် (၁၁) နာရီအချိန်က မြို့နယ်အားကစား ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဉီးစွာ ပဲခူတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးအောင်မှ အမှာ စကားပြော ကြားခဲ့သည်။ ထို့နောက်တွင် မြို့နယ်အုပ်ချူပ်ရေးမှူး ဦးစိုးလင်းမှ မြို့နယ်အားကစားနှင့်ကာယ ပညာကော်မတီဥက္ကဋ္ဌအား အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အားကစားနှင့် ကာယပညာ ဆပ်ကော်မတီဝင် ဦးစိုးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက် လာသူများမှ အားကစားပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ မြို့နယ်အုပ်ချူပ် ရေးမှူး ဦးစိုးလင်း၊ မြို့နယ်အားကစားနှင့်ကာယပညာ ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူး များ၊ မြို့မိ/မြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)