စစ်ကိုင်း ဒီဇင်ဘာ ၁
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ သမိုင်းဝင်ဘုရားပုထိုးစေတီတော်များ ပြန်လည်မွန်းမံခြင်းနှင့် ဧရာဝတီမြစ်ကမ်းရေတိုက်စားမှုမဖြစ်အောင် မြစ်ကမ်းထိန်းနံရံတည်ဆောက်နေမှုများကို လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာ ခရိုင်အဆင့် ဌာနဆိုင် ရာများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှူ့ စစ်ဆေးခဲ့ ကြကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် သမိုင်းဝင် ဘုရားပုထိုးစေတီတော်များ ပြန်လည်ပြုပြင်မွန်းမံသွားမည့် အခြေ အနေများကို ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူများကလည်းကောင်း၊ ဧရာဝတီ မြစ်ကမ်း ထိန်းနံရံ တည်ဆောက်နေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများကလည်းကောင်း အသီးသီးဆွေးနွေး တင်ပြကြရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင်