ကြည့်မြင်တိုင် ဒီဇင်ဘာ ၁
ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ကာကွယ်ဆေး ထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေးဆွေး နွေးပွဲကို ယနေ့နေ့လယ် ၃ နာရီ အချိန်က အ.ထ.က(၁) ကြည့်မြင်တိုင်ကျောင်း၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ကြည့်မြင်တိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်လွင်က မြို့နယ် အတွင်းရှိ အသက် ၉ နှစ်မှ ၁၀နှစ်အရွယ်အထိ အမျိုးသမီးငယ်များကို သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (HPV) ဆေးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ (၂) ရက်နေ့မှ စတင်၍ ကျန်းမာရေးဌာနခွဲများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ စတင် ထိုးနှံ ပေး သွားမည်ဖြစ်ကြောင်း၊ အပတ်စဥ် ဗုဒ္ဓဟူး ကြာသပတေး၊ သောကြာနေ့များတွင် ထိုးနှံ့ပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် လည်းအားလုံးမှ ပူးပေါင်းဆောင် ရွက်ပေးကြပါရန် ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ NGOအဖွဲ့အစည်းများမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)
09254407094