ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်၊ တားဆီးရေးအတွက် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော(A) အဆင့်သတ် မှတ်ခြင်း ခံရသည့် စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များအား ပြန်လည်ဖွင့်လှစ်ရောင်းချခွင့် ပြုနိုင်ရေး အတွက် မွန်းလွဲ(၂)နာရီခွဲက စတင်ပြီး မြို့ပေါ် ရပ်ကွက်ကြီးများ အတွင်းရှိစားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်(၁၇)ဆိုင်အားမြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ် ရဲတပ် ဖွဲ့နှင့်မြို့နယ် အဆင်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီလိုက်လံစစ်ဆေးခဲ့ပြီး၊ မြို့နယ်အတွင်း စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဘေးစျေး ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် သြဂုတ်လ ဆန်းပိုင်းမှ စတင်၍ ဆိုင်ထိုင်စားသောက်ရောင်းချခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်းခွင့်ပြုလျက် ရှိရာ ယခုဒီဇင်ဘာလ အတွင်း၌ (A)အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်တားဆီးရေး ဆိုင်ရာ စံသတ်မှတ်ချက် (A)အဆင့်နှင့်ကိုက်ညီမှုရှိပါက ပြန်လည်ပြီး ဆိုင်ထိုင်ရောင်းချခွင့်အား ခွင့်ပြုသွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ရောဂါထိန်းချုပ် ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ ထံမှသိရသည်။
မင်းမင်းစိုးပြည်