စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ပျဉ်းခုံကြီး ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် စိုက်ပျိုး ထားသော မိုးစပါးဧရာမင်း စံကွက်ရိတ်သိမ်း

ကလေး ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာတွင် ကိုဗစ်-၁၉ကြောင့်စီးပွားရေး ထိခိုက်မှုအပေါ်သက်သာရေးစီမံချက် (CERP)အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါးဧရာမင်း စံကွက်ရိတ်သိမ်းခြင်းကို‌ တောင်သူဦးနန်ခေါသင်နှင့်ဦးရွာလ်းခူမ်းထန်းတို့၏လယ်ကွင်းတွင် ယမန် နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရွာတွင် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံ တောင်သူများ ပူးပေါင်းကာမျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း ရိတ်သိမ်းမည့်လယ်ကွက်တွင် စံနှုန်းများ တိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ထားသော စပါးများ၏ အထွက်နှုန်း တိုင်းတာခြင်း များကို ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါမိုးစပါးဧရာမင်းစံကွက်ရိတ်သိမ်းရာတွင် တောင်သူဦးနန်ခေါသင်၏ ဧရာမင်းမျိုးစေ့ထုတ် မိုးစပါး တစ်ဧကလျင် (၈၅ဒဿမ ၉၃)တင်းထွက်ရှိပြီးတောင်သူ ဦးရွာလ်းခူမ်းထန်း၏ လယ်ကွက် တွင် တစဧကလျင်(၁၀၉ ဒဿမ ၃၇)တင်းထွက်ရှိပြီး ကလေးမြို့နယ် အတွင်း CERPအစီအစဉ်ဖြင့်စိုက်ပျိုး ထားသော မိုးစပါး ဧရာမင်း(၅၁၀)ဧက စိုက်ပျိုးလျက်ရှိကြောင်း ကလေးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး မှ သိရသည်။

ထန်းဖုန်(ပြန်/ဆက်)