သမဝါယမတက္ကသိုလ်(စစ်ကိုင်း) မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

 

စစ်ကိုင်း  ဇန်နဝါရီ     ၁၀

သမဝါယမတက္ကသိုလ်(စစ်ကိုင်း) တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သမဝါယမတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီက နှုတ်ခွန်းဆက် အမှာစကား ပြောကြားပေးပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြား/စီမံဌာန မှူးများနှင့် ပထမနှစ်သင်ကြားမည့် ဆရာ/ ဆရာမများအား မောင်မယ်သစ်လွင်များနှင့် မိတ်ဆက်ပေးခဲ့သည်။

ဆက်လက်၍ မေဂျာဌာနမှူးများနှင့် သင်တန်းရေးရာဌာနမှူးမှ သက်ဆိုင်ရာဘာသာရပ်များအကြောင်းနှင့် သင်တန်းရေးရာ၏ လုပ်ငန်းဆောင်တာများအကြောင်း ရှင်းလင်းပြောကြား ခဲ့ကာ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ခင်က မောင်မယ်သစ်လွင်များ အားလှိုက်လှဲစွာကြိုဆို နှုတ်ခွန်း ဆက်ပြောကြားပေးသည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းဝင်ခွင့်ရရှိသူများမှ အမှတ်အများဆုံးရရှိခဲ့သည့် ကျောင်းသား/ ကျောင်းသူများနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပထမနှစ်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကို ဆုများပေးအပ်ရာ မဟာတန်းတွင်တက် ရောက်ပညာသင်ကြားနေသည့် ကျောင်းသူ တစ်ဦးကနှင့် မောင်မယ်သစ်လွင် များကိုယ်စား ပထမနှစ် ကျောင်းသားတစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်