မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရေငံကျေးရွာရှိ ရွှေတောင်(၁၀) ချည်မျှင်ရှည်ဝါမျိုး အသစ် ကွင်းသရုပ်ပြပွဲကျင်းပ

နတ်မောက် ဒီဇင်ဘာ  ၂

မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရွှေတောင် (၁၀)ချည်မျှင်ရှည်ဝါမျိုးအသစ်စိုက်ပျိုးထားရှိမှုကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က  ပ/ကျားထူး ကျေးရွာအုပ်စု ၊ ရေငံကျေးရွာ ရွာမကွင်းတွင် သရုပ်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။  

အဆိုပါကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊  ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ရွှေတောင် (၁၀)ချည်မျှင်ရှည်ဝါမျိုးက စုပ်ပိုးဒဏ်ခံနိုင်၍ အထွက်လည်းကောင်းသည့်အတွက် ဒေသနဲ့ကိုက်ညီပြီး စီးပွား ဖြစ်စိုက်ပျိုးနိုင်ကြောင်းတက်ရောက်လာကြသည့်ဝါစိုက်ပျိုးတောင်သူများအား ရှင်းလင်း ပြောကြား ခဲ့သည်။

“ကျွန်တော်အကြံပြုခြင်တာကတော့ ယခုနှစ် မိုးခေါင်သည့်အတွက် ရွှေတောင်(၁၀)ချည်မျှင်ရှည်ဝါ မျိုးစေ့ကို စိုက်ပျိုးရာတွင် တောင်သူတွေအတွက် အားကိုးနိုင်တယ်လို့ထင်ပါတယ်။ နောက်ပြီး (၆၆၆)ဝါမျိုး ကိုလည်းယှဉ်နိုင်ပါတယ်။ (၆၆၆)ဝါမျိုးကိုတော့မြေကောင်းမှအထွက်ကောင်းသည့်အတွက် ရွှေတောင်(၁၀) ချည်မျှင်ရှည်ဝါကတော့ မြေညံ့တော်လည်း အလုံးကြီးတယ် ၊ ဝါပေါက်လှတယ်၊  စီးပွားဖြစ်စိုက်ပျိုးရင်လည်း ကောင်းသည့်အတွက် ဝါစိုက်ပျိုးတောင်သူများလည်း ရွှေတောင်(၁၀)ချည် မျှင်ရှည်ဝါကိုစိုက်ပျိုးကြပါ” ဟု ရေငံကျေးရွာ ဝါစိုက်ပျိုးတောင်သူဦးမြင့်အောင်မှ   ပြောကြားခဲ့ကြောင်း  သိရသည်။

လှဝင်း ( နတ်မောက်)