ထီးလင်း ဒီဇင်ဘာ ၂
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အောင်းတောင်ကျေးရွာ၌ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ဦးသိန်းထွန်း၏နေအိမ် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ် တစ်လုံး မီးလောင်ကျွမ်းမှုကြောင့် အဆိုပါမီးဘေးသင့် မိသားစုဝင်များအား ယမန်နေ့တွင် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် ထီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိ နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့်တာဝန်ရှိသူများက မီးဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး - ၁၀၀၀၀၀/-ကျပ်၊ ဆန်ရိက္ခာဖိုး - ၈၄၀၀/-ကျပ်၊ စုစုပေါင်း - ၁၀၈၄၀၀/-ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တို့ကို မီးဘေးသင့် မိသားစု ဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)