မကွေးခရိုင် မြို့သစ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်

မြို့သစ် ဒီဇင်ဘာ ၂

မကွေးခရိုင် ၊မြို့သစ်မြို့နယ်တွင် က​လေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါ တို့မှ ကင်းဝေစေရန်ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း ၊ ဆေးတိုက်ခြင်း လုပ်ငန်း များကို ယနေ့နံနက် (၉) နာရီအချိန်က မြို့သစ်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံ /တိုက် ကျွေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဝန်ထမ်းများက   မြို့ပေါ်ရပ်ကွက်များမှ အသက်(၂) နှစ်အောက် ကလေးငယ် (၆၂)ဦးအား ပုံမှန်ကာ ကွယ်ဆေးများဖြစ်သော ဆုံဆို့ ၊ ကြက်ညှာ၊ မေးခိုင် ၊ အသည်းရောင် အသားဝါ (B) ပိုး ၊  ဦးနှောက်အ မြှေးရောင် ၊ ငါးမျိုးစပ်ကာကွယ်ဆေး ၊ ပိုလီယိုအကြောသေ  ၊ ဝက်သက် ၊ ဂျိုက်သိုး  ၊ ဂျပန်ဦးနှောက် ရောင်ရောဂါ (၁၁) မျိုးအပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကာကွယ် ဆေးကိုပါ   တိုက်ကျွေးကြောင်း နှင့်ကလေးငယ်(၆၂)ဦးအား ပေါင်ချိန်၍ ကိုယ်ကလေးချိန် မှတ်တမ်း ရယူခြင်း ၊  ကိုယ်ဝန်ဆောင်မိခင် (၁၅)ဦးအား   မေးခိုင် -  ဆုံဆို့နာ  ကာကွယ်ဆေး ထိုးပေးခြင်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေး    ညွှန်ကြားချက်များနှင့်အညီ  ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

သန်းဝင်ထွန်း  ( ပြန်/ဆက်)