ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ကျောက်ပန်းတောင်း၊ ဒီဇင်ဘာ  ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများဆိုင်ရာ အသိပညာပေး Talk Show ကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre တွင်ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင် က အားကစားဆိုင်ရာ ကိုယ်လက်လှုပ်ရှားမှုများနှင့်ပတ်သက်၍ ပြည်သူများသိသင့်သည့် အခြေခံအချက်များ ကိုလည်းကောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားနည်း အမျိုးအစားများနှင့် အသက်အရွယ်အပိုင်းအခြားအလိုက် လိုက်နာရ မည့် အချက်များ၊ ကိုဗစ်ကာလနှင့်တိုက်ဆိုင်နေသည့် ဒီဇင်ဘာလူထုအားကစားလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း မေးမြန်းဆွေးနွေးရာ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်ဝင်း က မေးခွန်းတစ်ခုချင်းအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)