မြောက်ဥက္ကလာပမြို့နယ်တွင် အနံ့မရရှိသူများအား Fever Clinic သို့ပို့ဆောင်ခြင်း၊ အနံ့ပျောက် Negative ထွက်ရှိသူများအား Quarantine Center များသို့ပို့ဆောင်ခြင်းများ ဆောင်ရွက်

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများ ထားရှိသည့် Quarantine Center (၁၃)ခု၊ အနံ့မရရှိသူများသာ သီးသန့်ထားရှိသည့် Quarantine centre (၃)ခုရှိပြီး ယမန်နေ့နံနက်ပိုင်း ကစ၍ ပရဟိတအဖွဲ့များမှ အနံ့ရရှိသူများအား Fever Clinic သို့ပို့ဆောင်ခြင်း၊ အနံ့ပျောက် Negative ထွက်ရှိသူများအား သက်ဆိုင်ရာ Quarantine Center များသို့ပို့ဆောင်ခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စေတနာရှင်လူမှုဘဝစောင့်ရှောက်ရေးအသင်း၊ We Love Northokkalapa လူထုအခြေပြု ပရဟိတအဖွဲ့ ၊ ဇမ္ဗူဒီပါ လူမှုကူညီရေးအသင်း၊ အလင်းရောင် ပရဟိတအဖွဲ့နှင့် တွဲလက်ကူမယ်(ဌ)လူငယ်အဖွဲ့တို့ ပူးပေါင်း၍မြောက်ဥက္ကလာပ ဆေးရုံးကြီး Fever Clinic မှ အနံ့ပျောက် Negative ထွက်ရှိသူ (၁၉)ဦးအား အ.ထ.က(၁)နှင့် အ.ထ.က(၇) Quarantine Centre များသို့ ပို့ဆောင်ခြင်း၊  အ.ထ.က(၁)အနံ့ပျောက် centre မှ အ.ထ.က(၂) အနံ့ပျောက်  centre သို့ ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ Swab ယူရန်(၂၈)ဦးပို့ဆောင်ခြင်းနှင့် မြောက်ဥက္ကလာပ ဆေးရုံးကြီး အရေးပေါ်ဌာနသို့ အသက်ရှု ကြပ် လူနာ(၁)ဦး၊  Fever Clinic သို့ (၄)ဦးကို အသီးသီးပို့ဆောင်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)