မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် We Love North Okkalapa လူထုအခြေပြု ပရဟိတအဖွဲ့အား အလှူရှင်မှ လူနာတင်ယာဉ် (၁)စီးကို ယမန်နေ့ နေ့လယ်ပိုင်းက လှူဒါန်းပေးခဲ့ပါသည်။
ထိုသို့လှူဒါန်းရာတွင် ကိုသက်ဦး၊ မခင်နှင်းသီတာ (ခြင်္သေ့မင်း ငါးအဆီပေါင်းစက်ရုံမှ ငွေကျပ် သိန်း (၈၀) တန်ဖိုးရှိ Ambulanca ယာဉ်(၁)စီးကို လှူဒါန်းရာ We Love North Okkalapa လူထုအခြေပြုပရဟိတအဖွဲ့မှ လက်ခံရယူခဲ့ပြီး အလှူရှင်အား ကျေးဇူးတင် စကား ပြောခြင်း နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသင်းအနေဖြင့် မြို့နယ်အတွင်းဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ် စောင့်ကြည့်နေရာများသို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူ၊ သံသယရှိသူများကို ပို့ဆောင်ပေးခြင်း၊ ရောဂါမရှိသူများကို နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်း၊ နိုင်ငံရပ်ခြားမှ ပြန်လာသူများအား ကိုဗစ်-၁၉ ကာလ နေရပ်ပြန်ရာတွင် အဆင်ပြေစေရန် ၎င်းတို့နေထိုင်ရာ ပြည်နယ်နှင့် တိုင်းများသို့ လိုက်ပါပို့ဆောင်ပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း ၍ ဆောင်ရွက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် လိုအပ်သည့် အကူအညီများ တောင်းခံ နိုင်ပြီး အလှူရှင်များအနေဖြင့်လည်း လှူဒါန်းလိုပါက ဖုန်း-၀၉/၉၇၅၈၉၇၈၅၀ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)