သဲကုန်းမြို့နယ်တွင် (၂၈)ကြိမ်မြောက် ဓါတ်ခွဲစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး(၉)ဦးတွေ့ရှိ

သဲကုန်း ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများ အနက်မှ (၈၇)ဦး၏ Swab နမူနာများအား(၂၈)ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးခဲ့ရာ Positive(၉) ဦး ထွက်ရှိခဲ့သည်။
အဆိုပါ Positive ထွက်ရှိသူ(၉)ဦးမှာ ရန်ကုန်မှ ပြန်လာသူများဖြစ်ပြီး အထက သဲကုန်း FQ မှ (၅)ဦး၊ အထက ဝက်ပုတ် FQ မှ(၂)ဦး၊ အမက ကွေ့တက် FQ မှ (၁)ဦး၊ အမကချောင်းခွ FQ မှ(၁)ဦး တို့ဖြစ် ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
သဲကုန်းမြို့နယ်တွင် ယနေ့ထိ ကိုဗစ်ပိုးတွေ့သူ စုစုပေါင်း(၇၆)ဦး ရှိသွားပြီဖြစ်ပြီး (၆၇)ဦးမှာ ရောဂါ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် ယခုအခါ သဲကုန်းမြို့နယ်တွင် ပိုးတွေ့လူနာ(၉)ဦးသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)