ဆိပ်ကြီးခနောင်တိုမြို့နယ်၌  (Quarantine) ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ Rapid Diagnostic Test Kit ဖြင့် စစ်ဆေး

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၂

 

ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကုန် တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက်  (Quarantine) ဝင်ရောက် နေသူများအား ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ  (Rapid Diagnostic Test Kit)ဖြင့် စစ်ဆေးခြင်းကို  ယမန်နေ့ နေ့လည် ပိုင်းက မြို့နယ် အတွင်းရှိ (Quarantine Center) များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ များမှ သွား ရောက် ဆောင်ရွက်ခဲ့သည်။

 

ယင်းသို့ ဆောင်ရွက် ရာတွင် မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာနမှ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်း ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများမှ   မြို့နယ်အတွင်းရှိ  ထ(ခွဲ)အလက၊ အမက()  စသည့်  (Quarantine Center) ၂ ခုတွင် အသွားအလာစောင့်ကြည့်ခံ ထားရသူ (၃၂)ဦး၊ မြို့နယ် ဆေးရုံမှ ()ဦးနှင့် စေတနာ့ ဝန်ထမ်း (Volunteer)(၁)ဦး စုစု ပေါင်း(၃၆)ဦးတို့ကိုကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အား  Rapid Diagnostic Test Kit ဖြင့် စစ်ဆေးခဲ့ရာ(၁၂)ဦးမှာ ရောဂါပိုးတွေ့ ရှိခဲ့ကြောင်း သိရသည်။

 

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၁၀နာရီအချိန်အထိ (Quarantine Center) ၂ ခုတွင် Quarantine ဝင်ရောက်နေသူ(၄၁)ဦး၊ ရောဂါပိုးတွေ့ရှိသူ(၃၄၂)ဦး၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံ ဆင်းသူ(၂၂၀)ဦး နှင့် သေဆုံးသူ (၁၀)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်  တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။

 (ဆိပ်ကြီးခနောင်တို)