ပန်းတောင်း ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွား ရေး ကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးများ စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက တောင်သူ ဦးထွန်းမြိုင်လယ်၌ ပြုလုပ်သည်။
အဆိုပါ မိုးစပါးများ ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသင်းက မော်ဘီ (၂)မိုးစပါးလုပ်ငန်း ဆောင်ရွက်ရခြင်းအကြောင်း ပြောကြား၍ သံလယ်ကြီးကျေးရွာ တောင်သူဦးထွန်းမြိုင်၏ မော်ဘီ(၂) မိုးစပါး စိုက်ခင်း(၁)ဧကအား စနစ်တကျ ရိတ်သိမ်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားကုစားမှု အစီအစဉ် (CERP)အစီအစဉ်အရ တောင်သူ (၂၉၇) ဦး စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းပေါင်း (၈၀၇)ဧကမှ ထွက်ရှိသော မိုးစပါးမျိုးသန့်များအား နှောင်နှစ်မိုးရာသီတွင် ဆက်လက်စိုက်ပျိုးနိုင်ရေးနှင့် ဒေသတွင်းရှိ တောင်သူအချင်းချင်း ပြန်လည်ဖြန့်ဝေနိုင်စေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)