ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီ ကာကွယ်ဆေး စတင် ထည့်သွင်း ထိုးနှံပေး

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၂

 

ရန်ုကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သားအိမ်ခေါင်းကင်ဆာ ရောဂါ( အိတ်ခ်ျပီဗီ) ကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင် ထည့်သွင်း ထိုးနှံပေး ခြင်းကို ယနေ့ နံနက် ၉ နာရီမှ စ၍ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ဆောင် ရွက်ပေးလျက်ရှိသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သူနာပြု ဆရာမကြီး  ဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ် နှင့် ၁၀  နှစ် အရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ အိတ်ခ်ျပီဗီ ကာကွယ်ဆေးကို ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ် တကျ စတင် ထည့်သွင်း ထိုးနှံပေးလျက် ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး၊  အသက် ၉ နှစ်နှင့် ၁၀နှစ် အရွယ်အမျိုးသမီးငယ် ၃၂၃ ဦးအား သက်ဆိုင်ရာရပ်ကွက် အလိုက် ဆေးထိုးစုရပ်များတွင် ဒီဇင်ဘာ ()ရက်နေ့မှ ()ရက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)