သာကေတ ဒီဇင်ဘာ ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ယနေ့ နံနက်(၉) နာရီမှ စ၍ မြင်တော်သာလမ်းမကြီးရှိ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ရန်ပြေလမ်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဌာနခွဲ(၁)၊ ရှုခင်းသာလမ်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဌာနခွဲ(၂) စသည့် ကျန်းမာရေး ဌာနခွဲ (၃)ခုတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးကို အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား ထိုးနှံပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်မှ အမျိုးသမီးငယ်(၁၇၀၁)ဦးအား ဆေးထိုးခြင်း ပြီးဆုံးသည်အထိ ထိုးနှံ ဆောင်ရွက်ပေးမည်ဖြစ်သည်။
Human Papillomavirus ပိုးကြောင့် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပေါ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ ပေးရခြင်းဖြစ်ကြောင်း သိရသည်။
ကိုဘုန်း (ပြန်/ဆက်)