မင်းတုန်း ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ၂၀၂၀--၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်းများ ပြည်သူများအား ချပြရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သူစိုး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်၊ တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိ သူများနှင့် ဖွံ့ဖြိုးရေးမည့်ကျေးရွာများမှ ပြည်သူများတက်ရောက်ကြပါသည်။
အဆိုပါရှင်းလင်းပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းနှင့် ဦးအေးလှိုင်ဦး တို့မှ အဖွင့် အမှာစကားပြောကြားကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးနှင့် မြို့နယ် ဦးစီးမှူး ဒေါ်မြတ်စုအောင်တို့က COVID-19 ကာလဖြစ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် သတိပြုရ မည့်အချက်များအား ရှင်းလင်းပြောကြား ခဲ့ကြသည်။
မင်းတုန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မည့် လုပ်ငန်းများမှာ ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျေးရွာ (၃)ရွာတွင် ကုန်ထုတ်လမ်း မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်း(၃)ခု၊ ကျေးရွာ(၂)ရွာတွင် Box Culvert တည်ဆောက်ခြင်း လုပ်ငန်း (၂)ခု၊ ကျေးရွာ(၁၁)ရွာတွင် မြေသားရေကန် တိုးချဲ့ ဆောင်ရွက်ခြင်းလုပ်ငန်း (၁၁) ခု၊ ကျေးရွာ(၃)ရွာတွင် လက်တူးတွင်း တူးဖော်ခြင်းလုပ်ငန်း(၃)ခု၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျေးရွာ(၄)ရွာတွင် စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်း(၄)ခုနှင့် ကျေးရွာ(၂)ရွာတွင် ဂါလံ(၅၀၀၀)ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း (၁)ခုနှင့် တစ်ဖက်ပိတ် မြေသားကန်တည်ဆောက်ခြင်းလုပ်ငန်း(၁)ခုတို့ အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ချင်းကလေး(NRDC)