အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၆၁)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၁) သို့ ပို့ဆောင်

ရန်ကုန်     ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၆၁)ဦး အား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၁) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ် အတွင်းတွင် Quarantine Center (၆)ခုအနက် အင်းစိန်(GTI) Quarantine Center(၁)သို့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူဖြစ်သော အင်းစိန်မြို့နယ်၊ အောင်ဆန်း ရပ်ကွက်မှ(၂၃)ဦး၊ ကြို့ကုန်းအရှေ့ရပ်ကွက်မှ(၉)ဦး၊ ဖော့ကန်ရပ်ကွက်မှ(၇)ဦး၊ ဈေးကုန်း အရှေ့ရပ်ကွက်မှ (၅)ဦး၊ ပိန္နဲကုန်းရပ်ကွက်မှ(၅)ဦး၊ စော်ဘွားကြီးကုန်းရပ်ကွက်မှ(၃)ဦး၊ ပေါက်တော ရပ်ကွက်မှ(၃)ဦး၊ တညင်းကုန်းရပ်ကွက်မှ(၂)ဦး၊ ရွာမအရှေ့ရပ်ကွက်မှ(၂)ဦး၊ မြို့သစ်(ဂ)ရပ်ကွက်မှ (၁)ဦး၊ မြို့သစ်(က+ခ) ရပ်ကွက်မှ(၁)ဦး စုစုပေါင်း (၆၁)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီအသင်းခွဲ၊ ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများမှ  တာဝန်ရှိသူများ က သက်ဆိုင်ရာ Quarantine Center သို့ အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)