ကံမ ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများလယ်သမားများ၏ စိုက်ပျိုး ရေးလုပ်ငန်းခွင်အထောက်အပံ့ရရှိစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ထုတ်ချေးပေး လျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စုပေါင်း ၁၁ အုပ်စုမှတောင်သူများအား ထုတ်ချေးပြီးစီးခဲ့ပြီဖြစ် ကြောင်း သိရသည်။
ကံမမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၆ အုပ်စုမှ ကိုင်းမြေနှင့်ယာမြေများတွင် စိုက်ပျိုး လုပ်ကိုင်ကြသည့် တောင်သူလယ်သမားများအား ဆောင်းသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ၇၇၀၀ ဧကအတွက် ငွေကျပ်သိန်းပေါင်း ခုနှစ်ထောင်ကျော်အား ထုတ်ချေးပေးရန်လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်ညိုမာမြင့် ထံမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)