ဂန့်ဂေါ ဒီဇင်ဘာ ၂
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဂန့်ဂေါမြို့ နယ် ရဲလှကျေးရွာ၌ ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါကျေးလက်ကုန်ထုတ်လမ်းကို ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၆၄ သန်းဖြင့် လမ်းအရှည် ၂ မိုင် ၄ ဖါလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေရှိလမ်းအဖြစ် ဖောက်လုပ်လျက်ရှိပြီး ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်း ၊ ကျောက်စရစ် မြေနီခင်းခြင်းလုပ်ငန်း၊ BOX CULVERT တစ်စင်းတည်ဆောက် ခြင်း လုပ်ငန်းများ ပါဝင်ကာ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးလျက် ရှိသည်။
ထို့ပြင် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂန့်ဂေါခရိုင်အတွင်း ကျေးရွာ ၆ ရွာ၌ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်သွားမည်ဖြစ် ကာ အဆိုပါကျေးရွာများမှာ ဂန့်ဂေါမြို့နယ်မှ ရဲလှရွာ၊ စိုင်ဒူးရွာ၊ ဆောမြို့နယ်မှ ပြင်လယ်ရွာ၊ သလယ်ရွာ၊ ထီးလင်းမြို့နယ်မှ ထန်းပင်ကုန်းရွာ၊ သရခါရွာတို့ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက် နိုင်ရန် တိုင်းတာခြင်းများ ဆောင်ရွက် ကြပြီးဖြစ်သည့်အပြင် တင်ဒါစနစ်ဖြင့် ဆောင်ရွက်ကြ မည်ဖြစ်၍ စုစုပေါင်း ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၁၉၄ ဒသမ ၉ သန်းခွင့်ပြုထားကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ သိရသည်။
အဆိုပါ လုပ်ငန်းများပြီးစီးပါက လုပ်ငန်းပြီးစီးပါက လယ်ယာထွက်ကုန်များ လွယ်ကူစွာ သယ်ယူနိုင်မည်ဖြစ်ပြီး ဈေးကွက်သို့ လျင်မြန်စွာပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း