မရမ်းကုန်း ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းကလေးများ စောင့်ရှောက်ရေးဂေဟာတို့မှ လိုအပ်လျက်ရှိသောကျန်းမာရေးသုံးပစ္စည်းများဖြစ်သည့် PPEအစုံ၅၀နှင့်လူသုံးကုန်းပစ္စည်းများအား ယမန်နေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့်တာဝန်ရှိသူများ သွားရောက်လှုဒါန်းခဲ့ကြသည်။
အဆိုပါ PPE ဝတ်စုံများအပြင် လက်ဆေးဆပ်ပြာရည်များလှူဒါန်းခြင်း၊ အမျိုးသမီးကလေးများစောင့်ရှောက်ရေးသင်တန်းကျောင်းသို့သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည် နှင့်အမျိုးသမီးလစဥ်သုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။
အေးအေးအောင်(ပြန်/ဆက်)