ဂန့်ဂေါ ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေး နှစ်တွင် အဖွဲ့ရန်ပုံငွေ (၉၅၀၀၀၀၀)ကျပ်ဖြင့် ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် ရေပုတ်မုဒိတာလမ်းတွင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရ သည်။
အဆိုပါလမ်းမှာ ကျောက်ချောလမ်းအရှည် ၉၅၀ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၉ လက်မဖြင့် နိုဝင်ဘာ ၈ ရက်နေ့မှစဆောင်ရွက်လျက်ရှိရာ ယခုအခါ (၇၅)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ကျော်အောင်(အငယ်တန်းအင်ဂျင်နီယာ-၂၊ မြို့ပြ)ထံမှ သိရသည်။
ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် လမ်းဖြတ်ကူးသည့်နေရာ၌ တံတားငယ်တစ်ခု ဆောက်လုပ် ရမည်ဖြစ်ရာ “ တံတားဆောက်ဖို့ရာအတွက် လိုအပ်တဲ့ ဘိလပ်မြေကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ က လှူဒါန်းပါတယ်၊ ကျန်တဲ့လိုအပ်တဲ့ပစ္စည်းများနဲ့လုပ်အားကို ရပ်ကွက်အစီအစဉ်နဲ့ ထည့်ဝင် လှူဒါန်းပါတယ်”ဟု ရပ်ကွက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါကျောက်ချောလမ်းပြီးစီးပါက မြောက်ကုန်းရပ်ကွက် (ရေပုတ်)အတွင်းရှိ ပြည်သူများ၏ ရပ်ကွက် အတွင်းသွားလာမှုသာမက လယ်ယာမြေများသို့ ဆက်သွယ်သွားလာရေးအဆင်ပြေချောမွေ့ လာမည် ဖြစ်ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)