ကျောက်တံခါး ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၈) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားအသက်အရွယ်၊ ကလေးအလုပ်သမားအလုပ်ချိန်ဆိုင်ရာ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် စသည့်အသိပညာပေးနံရံကပ်စာစောင်ကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသရာ ကျောင်းသားကျောင်းသူက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)