သဲကုန်း ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ (Book Club) အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူ ဝါသနာရှင် ကျောင်းသား/ ကျောင်းသူများနှင့်ပူးပေါင်း၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က စာရေးဆရာ ညွန့်ဝေမိုး ရေးသားထားသော "ချိုသောအတွေးစကား" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူ ဝါသနာရှင် ကျောင်းသား/ကျောင်းသူများက မိမိတို့ဖတ်ရှုခဲ့ကြပြီးဖြစ်သည့် အကြောင်းအရာများမှ ရရှိပေးစွမ်းသည့် အသိပညာဗဟုသုတများ၊ လိုက်နာကျင့်သုံးအပ်သည့် အတွေးအမြင်များ၊ စာရေးသူ၏ရေးသားချက်များကပေးစွမ်းသည့် စာပေရသများကို မိမိတို့၏ အမြင်ရှုထောင့်အမျိုးမျိုးမှ အသီးသီးအပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပြီး ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)