မွန်ပြည်နယ် လမိုင်းမြို့၌ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ် ဆေးထိုးနှံ တိုက်ကျွေး

လမိုင်း  ဒီဇင်ဘာ    ၂

မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်() မှစ၍ အသက်()နှစ်အောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများကို   ယနေ့နံနက် () နာရီခန့်က   မြို့မ()ရပ်ကွက်    ကျေးလက်ကျန်းမားရေးဌာန၌ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး ပေးလျက်ရှိကြောင်းသိရသည်။


ထိုသို့ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် အသက်()လမှအသက်()နှစ်အောက် ကလေး ငယ်များကိုအသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်ရောဂါ၊ဆုံဆို့-ကြက် ညှာ-မေးခိုင်-အသည်ရောင် အသားဝါ(ဘီ)ဦးနှောက် မြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်- ဂျိုက်သိုး ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခြင်းနှင့်  ကိုယ်ဝန်ဆောင် အမျိုးသမီးများအားမေးခိုင်-ဆုံဆို့ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သားဖွားဆရာမ ဒေါ်စန်းလှထံမှ သိရသည်။
လမိုင်းမြို့အတွင်းရပ်ကွက်/ကျေးရွာများရှိကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာန အသီးသီးတို့တွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများကဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

ဖြူအေး(ပြန်/ဆက်)