မွန်ပြည်နယ် ရေးမြို့နယ် မိခင်ကလေးကျန်းမာရေးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက် ခြင်းဆောင်ရွက်

ရေး     ဒီဇင်ဘာ        ၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ‌ရေးမြို့နယ်၊ ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင် ကလေးကျန်းမာရေးဌာနမှ မွေးကင်းစကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက် (၇) နာရီခန့်က စတင်၍ မြို့နယ်မိခင်ကလေး ကျန်းမာ ရေးဌာနနှင့် စုရပ်အသီးသီး၌ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းအစီအစဉ်တွင် မြို့နယ်အမျိုးသမီး ကျန်းမာရေးသူနာပြု ဆရာမဒေါ်နော်ဒါဖော ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အသက် (၂) လမှ တစ်နှစ်ခွဲအထိ ကလေးသူငယ်များအား ဆုံစို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦး နှောက်မှေးရောင်ရောဂါနှင့် အသည်းရောင်အသားဝါ (ဘီရောဂါ) အဆုပ်ရောင်ရောဂါ၊ ပိုလီယိုအ‌ကြောသေရောဂါ၊ (၅)မျိုးစပ်ကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို ကလေးငယ် များ၏ အသက်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိကာ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့သည်။

ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဒီဇင်ဘာလ (၁)ရက်နေ့မှ စတင်ကာ ပုံမှန်ကာကွယ်ဆေးထိုးခြင်း ဆေးတိုက်ခြင်း လုပ်ငန်းများကို ကျန်းမာ‌ရေးဝန်ထမ်း များက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)