ချောင်းဆုံတွင်‌ မွေးကင်းစမှအသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား (၅)မျိုးစပ် ပုံမှန် ကာကွယ် ဆေးထိုးနှံ

ချောင်းဆုံ ဒီဇင်ဘာ ၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မွေးကင်းစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များ ကျန်းမာ သန်စွမ်းစေရန်နှင့် ကူးစက်ရောဂါမှကင်းဝေးစေရန်အတွက် အသက်အရွယ်အလိုက် လစဉ် ပုံမှန် ကာကွယ် ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ ကျန်းမာရေး ဌာန၊ ကျေးရွာများရှိကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ် ဆေး ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်နှင့် အညီ အသက်အရွယ်အလိုက် လစဉ် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမှေးပါးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုး ရောဂါ၊ ပိုလီယိုအကြောသေရောဂါအပြင် ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါကာကွယ်ဆေး စသည်တို့ကို ထိုးနှံပေးခဲ့ကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း မေးခိုင်၊ ဆုံဆို့နာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)