ရွှေပြည်သာမြို့နယ် အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

ရွှေပြည်သာ ဇန်နဝါရီ ၁၅

ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင်ထူးချွန်ထက်မြတ်သည့် လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်း‌ရေးမှူး ရဲမှူး‌ ဇော်လင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းလှိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း‌ပြောကြားကာ အမှတ် (၉) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်ရတနာလင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်‌ အေးအေးမိုးနှင့် အမှတ် (၉) အခြေခံပညာ အလယ်တန်းကျောင်းမှ ဒုအလယ်တန်းပြဆရာမ‌ ဒေါ်မွန်မွန်‌သော်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်‌ ဆောင်ရွက်ပြီး အမှတ် (၉) အခြေခံပညာ အလယ်တန်းကျောင်းမှ‌ ကျောင်းသား၊ ကျောင်းသူ (၇) ဦးက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်မူးယစ်‌ဆေးဝါး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာ‌ရေး၊ လူငယ်နှင့်တာဝန်ယူမှုခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်မေးခွန်းများကို‌လည်း ပြန်လည်ဖြေကြား‌ခဲ့သည်။

လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အမှတ် (၉) အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၅) ဦးခန့် တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)