မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်

ဂန့်ဂေါ ဒီဇင်ဘာ ၃

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ကို ဂန့်ဂေါမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် အား/ကာဈေးတန်းရှေ့ လမ်းဆုံနေရာ၌ ယနေ့ နံနက် (၉)နာရီမှ(၁၀)နာရီအချိန်ထိ ပြုလုပ်ခဲ့သည်။  

ထိုသို့ပြုလုပ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်တားဆီးနိုင်ရန်ရည်ရွယ်ပြီး ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဝင်းကိုနှင့်ဝန်ထမ်းများ၊ ဂန့်ဂေါမြို့ ကိုဗစ်-၁၉ ကာကွယ်ရေးအထောက်အကူပြု လူငယ်အဖွဲ့ ဥက္ကဌ ဦးအောင်စိုးမင်းနှင့်အဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ကြခြင်းဖြစ်သည်။

ထို့အပြင် ပြည်သူများ နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ နေအိမ်ပြင်ပသွားလာခြင်းမပြုရန် ပညာ ပေးခြင်းများဆောင်ရွက်ကာ နှာခေါင်းစည်း Mask အခုရေ(၃၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် Mask Campaign ကို ဂန့်ဂေါမြို့ ကိုဗစ်-၁၉ ကာကွယ်ရေးအထောက်အကူပြုလူငယ်အဖွဲ့နှင့် ပူးပေါင်း၍ အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းသန်း(ပြန်/ဆက်)